ပင်လယ်တွင် ၅ ရက်ကြာ မျောပါသွားသည့် မြန်မာတံငါသည်တစ်ဦးအား SITC တရုတ်သင်္ဘောကုမ္ပဏီက တွေ့ရှိ ကယ်ဆယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လယ်တွင် ၅ ရက်ကြာ မျောပါသွားသည့် မြန်မာတံငါသည်တစ်ဦးအား SITC တရုတ်သင်္ဘောကုမ္ပဏီက တွေ့ရှိ ကယ်ဆယ်









MNP ၊ ဧပြီ ၂၉ 

SITC Logistics Myanmar Co., Ltd တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း၏ “Pacific Grace”ကွန်တိန်နာသင်္ဘောသည် ပြီးခဲ့သည့်ရက်ပိုင်းက အိန္ဒိယသမုဒ္ဒရာ ကပ္ပလီပင်လယ်တွင် ရေထဲပြုတ်ကျမျောပါသွားသည့် မြန်မာနိုင်ငံသား တံငါသည်အမျိုးသားတစ်ဦးကို တွေ့ရှိကယ်ဆယ်ခဲ့ရာ ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လုံခြုံဘေးကင်းစွာ ပြန်လည် ပို့ဆောင်ပေးကြောင်း ရွှေဇာမဏီတရုတ်သတင်းဌာနမှ သိရသည်။


လက်ရှိတွင် ၎င်းအား မြန်မာနိုင်ငံ လူဝန်မှုကြီးကြပ်ရေးဌာသို့ လွှဲပြောင်းပေးခဲ့ရာ မိသားစုဝင်များနှင့်အဆက်အသွယ်ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။


သက်ဆိုင်ရာ ပြောကြားချက်များအရ ဧပြီ ၂၁ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ Port Klang သို့ သွားရာ လမ်းခုလတ်တွင် ၊ SITC Logistics Myanmar “2211N” ကုန်သင်္ဘောသည် အိန္ဒိယသမုဒ္ဒရာ ပင်လယ်တွင် ပြုတ်ကျ မျောပါသွားသည့် မြန်မာနိုင်ငံသား ကိုစိုးဝင်းဇော်အား တွေ့ရှိပြီး အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့နောက် အရေးပေါ်ကယ်ဆယ်ကုသမှုများ ကူညီဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင် ကိုစိုးဝင်းဇော်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း သိရသည်။


“SITC Myanmar နဲ့ သင်္ဘောသားတွေ ကျွန်တော့်အသက်ကို ကယ်ခဲ့တဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ကံကောင်းလို့ သေရာက ပြန်လာနိုင်ပြီး မိသားစုနဲ့ပြန်လည်ဆုံစည်းနိုင်ခဲ့တာပါ” ဟု ကိုစိုးဝင်းဇော်က ပြောကြားခဲ့သည်။

ကိုစိုးဝင်းဇော်သည် မြန်မာနိုင်ငံ တနင်္သာရီတိုင်းတွင် နေထိုင်သည့် တံငါသည်တစ်ဦးဖြစ်ကြောင်း၊ ငါးဖမ်းသင်္ဘောပေါ်မှ ပင်လယ်ထဲသို့ မတော်တဆ ပြုတ်ကျခဲ့ပြီး ပင်လယ်ထဲတွင် ၅ ရက်ခန့် မျောနေခဲ့ကြောင်း ၎င်းက ဆိုသည်။


မြန်မာနိုင်ငံ၏ကပ်ရောဂါ ကာကွယ်တားဆီးရေးမူဝါဒ သက်ဆိုင်ရာသတ်မှတ်ချက်များအရ ကိုစိုးဝင်းဇော်သည် ရန်ကုန်တွင် ရက်သတ္တပတ် တစ်ပတ်ကြာ ကွာရန်တင်းဝင်ရမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမရှိပါက ကွာရန်တင်းကာလပြီးနောက် နေရပ် မိသားစုရှိရာသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။


“ပင်လယ်ရေပြင်မှာ ကူညီကယ်ဆယ်ဖို့က ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဒါက ကျွန်တော်တို့ တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများအကြား ပေါက်ဖော်ချစ်ကြည်ရေးရှိတယ်ဆိုတာကို ပြသသလို SITC သင်္ဘောသားတွေရဲ့ ကောင်းမွန်တဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာကို ပြသရာလည်းရောက်ပါတယ်” ဟု SITC Myanmar အထွေထွေမန်နေဂျာ စွန်းကျန့်ကျုက ဆိုသည်။ SITC သည် လူသားချင်းစာနာထောက်ထားရေးစိတ်ဓါတ်၊ SITC “လူထုအခြေပြု”သည့်လုပ်ငန်း၏ ရည်ရွယ်ချက်ကို အစဉ်အမြဲ ခိုင်မာစွာ လက်ကိုင်ထား ကျင့်သုံးသွားမည် ဖြစ်ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမ မြှင့်တင်ရေး၊ တရုတ်-အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဘုံအကျိုးဖြစ်ထွန်းရေး ၊ အတူဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ အကျိုးကျေးဇူးဆောင်ကြဉ်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။


ယခုကဲ့သို့ဖြစ်ရပ်သည် SITC က ပင်လယ်ပြင်တွင် မြန်မာနိုင်ငံသားများအား ကူညီပေးခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၉ ရက် ည ၂၁ နာရီ ခန့်တွင်လည်း SITC ၏ သင်္ဘောတစ်စီးသည် ဖူကျန့်ပြည်နယ် ကျန်းကျိုး ပင်လယ်ရေပြင်တွင် အခက်အခဲအန္တရာယ်ကြုံတွေ့ခဲ့သော သင်္ဘောပေါ်က မြန်မာနိုင်ငံသား သင်္ဘောသား ၂ ဦးကိုလည်း ကယ်ဆယ်ခဲ့ကြောင်း သိရသည်။


Ref : ဆင်ဟွာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)