ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ငွေစာရင်း Software အသုံးပြု၍ ငွေစာရင်းရေးသွင်းနည်းနှင့် ငွေစာရင်းဆိုင်ရာစီမံခန့်ခွဲမှုပညာရပ်များ ဆက်လက်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ငွေစာရင်း Software အသုံးပြု၍ ငွေစာရင်းရေးသွင်းနည်းနှင့် ငွေစာရင်းဆိုင်ရာစီမံခန့်ခွဲမှုပညာရပ်များ ဆက်လက်သင်ကြား




 MNP - ဧပြီ   ၂၄

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့သည့်  "ငွေစာရင်းစီမံခန့်ခွဲမှုသင်တန်း" ၏ (ဒုတိယနေ့) ယနေ့တွင်  ငွေစာရင်း Software အသုံးပြု၍ငွေစာရင်းရေးသွင်းနည်းနှင့် ငွေစာရင်းဆိုင်ရာစီမံခန့်ခွဲမှုပညာရပ်များကို ဆက်လက်သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။

သင်တန်းဒုတိယနေ့တွင် ရွှေတောင်မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့် နှင့် ပြည်ခရိုင်ပြန်/ဆက်ရုံးမှ (အငြိမ်းစား) ဝန်ထမ်း ငွေစာရင်းကျွမ်းကျင်သူ ဦးစန်းမြင့်တို့က ငွေစာရင်း Software အသုံးပြု၍ ငွေစာရင်းရေးသွင်းနည်းအပါအဝင် ငွေစာရင်း ခေါင်းစဉ်များအကြောင်းအသေးစိပ်ရှင်းလင်းခြင်း၊ ငွေစာရင်းပုံစံ-ဌစများအကြောင်းနှင့် ဌစရေးဆွဲရာတွင် မှားယွင်းတတ်သည့်အကြောင်းအရာများ၊ ရသစ-၆ ငွေစာရင်းရေးဆွဲနည်းနှင့် စာရင်းစစ်ကန့်ကွက်ချက်များမဖြစ်ပေါ်စေရေးအတွက် ငွေစာရင်းခေါင်းစဉ်အလိုက်ငွေသုံးစွဲနည်း၊ ဘဏ်နှင့်ချိတ်ဆက်ဆောင်ရွက်ရသည့်ကိစ္စရပ်များ၊ ငွေစာရင်းလချုပ်ဆောင်ရွက်နည်းနှင့် ငွေစာရင်းလယ်ဂျာမှတ်တမ်းရေးသွင်းနည်း၊  ဝန်ထမ်းများ၏ (၂)လစာချေးငွေကိစ္စရပ်ဆောင်ရွက်နည်းအဆင့်ဆင့် စသည်တို့ကို နံနက် ၉ နာရီမှ ညနေ ၄နာရီအထိ သင်ကြားပို့ချပေးမည်ဖြစ်သည်။

အဆိုပါ‌ ငွေစာရင်းဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြည်ခရိုင် ခြောက်မြို့နယ်မှ အရာထမ်း၊အမှုထမ်း သင်တန်းသား၊သင်တန်းသူစုစုပေါင်း(၁၄)ဦးတက်ရောက်လေ့လာသင်ယူကြောင်း သိရပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်အတွင်းရှိူဝန်ထမ်းများအား ရုံးလုပ်ငန်း၊ ငွေစာရင်းလုပ်ငန်း၊ စာကြည့်တိုက်လုပ်ငန်းနှင့် သတင်းမီဒီယာလုပ်ငန်းများအား ပိုမိုသိရှိနားလည်ပြီးလုပ်ငန်းစွမ်းဆောင်ရည်များတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ကဏ္ဍအလိုက်သင်တန်းဖွင့်လှစ်ခြင်းနှင့် စာဖတ်ဝိုင်းများလစဉ်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ကိုဆက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)