ကျိုက်လတ်၌ မြေလွှာခွဲကိရိယာ (Subsoiler) လက်တွေ့ မောင်းနှင်သရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်၌ မြေလွှာခွဲကိရိယာ (Subsoiler) လက်တွေ့ မောင်းနှင်သရုပ်ပြပွဲကျင်းပ




MNP - ဧပြီ   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ၊ အမှတ်(၁၉)လမ်းရှိ တောင်သူ ဦးအေးသန်းပိုင် လယ်မြေပေါ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ မြေလွှာခွဲကိရိယာ (Subsoiler) လက်တွေ့မောင်းနှင်သရုပ်ပြပွဲကို ယမန်နေ့ နံနက် (၉)နာရီခန့်က ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် တောင်သူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။

တောင်သူများအနေဖြင့် စိုက်ထယ်ရေးပြင်ရာတွင် မြေလွှာအား အနက်လေးလက်မမှ ခြောက်လက်မခန့် အထိသာ ထွန်ယက်စိုက်ပျိုးရသဖြင့် ထိုမြေလွှာအောက်တွင် သိပ်သည်းသော မြေလွှာတစ်ခုဖြစ်ပေါ်လေ့ရှိခြင်း၊ အလေးချိန်များသည့် လယ်ယာသုံးစက်ကိရိယာများ မောင်းနှင်အသုံးပြုထားသည့် စိုက်ကွင်းများတွင် ထိုစက်ကိရိယာများ၏ ဘီးသို့မဟုတ် ရာဘာ၊ သံချိန်းများကြောင့် မြေလွှာသိပ်သည်း မှု ဖြစ်ပေါ်တတ်ခြင်း၊ ၎င်းမြေလွှာသိပ်သည်းမှုကြောင့် သီးနှံအထွက်နှုန်း ကျဆင်းစေခြင်း၊ ရေထုတ်စနစ်အား အဟန့်အတားဖြစ်စေခြင်း၊ ပိုးမွှားရောဂါကျရောက်မှု မြင့်မားစေခြင်းနှင့် သီးနှံအာဟာရရရှိမှု လျော့နည်းစေခြင်း စသည့် ဆိုးကျိုးများ သက်ရောက်ဖြစ်ပေါ်လေ့ရှိကြောင်း အထက်ပါဆိုးကျိုးများ ဖြစ်ပေါ်သက်ရောက်လာပါက အဆိုပါ မြေလွှာခွဲကိရိယာ (Subsoiler) အသုံးပြုခြင်းဖြင့် သီးနှံပင်၏ အမြစ်များ မြေလွှာအောက်ခြေထိ တိုးဝင်စေနိုင်ခြင်း၊ မြေလွှာအနက် တစ်ပေမှ တစ်ပေခွဲခန့်အထိ ထွန်ယက်နိုင်သဖြင့် ရေစိမ့်ဝင်မှု အားကောင်းစေခြင်း၊ မြေလွှာသိပ်သည်းမှုကြောင့် သီးနှံအထွက်နှုန်း ကျဆင်းမှုကို ဖြေရှင်းပေးပြီး အထွက်နှုန်းတိုးစေနိုင်ခြင်းနှင့် မြေလွှာအနက်တွင် ခိုအောင်းနေသော ပိုးမွှားများကို သေစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သဖြင့် ယခုကဲ့သို့ တောင်သူပညာပေး အစီအစဉ်အဖြစ် ကနဦး သုတေသနပြုသရုပ်ပြ အသိပေးခြင်းဖြစ်ကြောင်း ကျိုက်လတ်မြို့နယ်စက်မှု လယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စိုးထံမှ သိရသည်။

သတင်း - ရီရီမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)