ပတ်ဝန်ကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပတ်ဝန်ကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်



MNP -  ဧပြီ   ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် Community Centre ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀နာရီခန့်က ဆောင်ရွက် ခဲ့သည်။

အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မိမိမြတ်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအကြောင်း၊ ရေသယံဇာတ၏အရေးပါပုံအကြောင်း၊ ရေထု ညစ်ညမ်းစေသည့် အကြောင်းအရာများ၊ ရေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများ၊ မသန့်ရှင်းသော ရေကိုသောက်သုံးမိလျှင် ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်မည့် အကြောင်း အရာများ၊ ညစ်ညမ်းသောရေကို ကျိုချက်သောက်သုံးပါက ဘေးကင်းနိုင်ခြင်း ရှိ၊ မရှိ အကြောင်းများ၊ ရေထုညစ်ညမ်းမှုကို လျှော့ချနိုင်မည့်နည်းလမ်းများ၊ ရေအရည်အသွေးနှင့် ပတ်သက်၍ ဌာန၏ ဆောင်ရွက်နေမှုများနှင့် ပြည်သူများကို အသိပညာပေးလိုသည့် အချက်အလက် များကို မေးမြန်းခဲ့ရာ ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေယံကျော်က ပြည်သူများ အသိပညာ ရရှိစေရန်အတွက် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အဆိုပါ Talk Show ကို ဗန်းမော် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်ထားသည့် We Love Banmaw Page တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)