ဗိုလ်တထောင်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားနှင့်ရေကို ခြိုးခြံချွေတာသုံးစွဲနိုင်ရေး အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားနှင့်ရေကို ခြိုးခြံချွေတာသုံးစွဲနိုင်ရေး အသိပညာပေး Talk Show ကျင်းပ



MNP - ဧပြီ   ၂၅

ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် လွှင့်တင်အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လျှပ်စစ်ဓာတ်အားနှင့်ရေကို ခြိုးခြံချွေတာသုံးစွဲနိုင်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သိန်းသိန်းယဉ်က Talk Show ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ဗိုလ်တထောင်မြို့နယ် လျှပ်စစ်ကော်ပိုရေးရှင်းဌာနမှ အင်ဂျင်နီယာ-ဦးအောင်ကျော်ဦးမှ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားခြိုးခြုံချွေတာသုံးစွဲခြင်းဆိုရာတွင် မလိုအပ်ပဲအသုံးမပြုခြင်း၊ ဥပမာအားဖြင့် နေ့ခင်းမှာ မလိုအပ်ပဲ လျှပ်စစ်မီးဖွင့်ထားခြင်း သို့မဟုတ် ရေစက်ကို ရေတင်ထားပြီးမေ့သွားခြင်း၊ အဆိုပါကိစ္စရပ်တွေသည် လျှပ်စစ်ကို မလိုအပ်ပဲသုံးစွဲခြင်းဖြစ်သလို ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားခ ပိုမိုပေးဆောင်ရတာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါကြောင်းစသည်ဖြင့် လျှပ်စစ်ဓာတ်အားခြိုးခြံချွေတာသုံးစွဲခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - သိန်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)