ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်



MNP - ဧပြီ  ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်လှိုင်လှိုင်ငြိမ်းက စိုက်ပျိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားပြီး ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မင်းက မြို့နယ်အတွင်း တောင်သူများ မိုးစပါး၊ နွေစပါး  နှစ်စဉ်စိုက်ပျိုးရာတွင် အဆင်ပြေစေရေး ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးကောင်းမျိုးသန့်များကို ဖြန့်ဖြူပေးနေမှုအခြေအနေများ၊ စိုက်ပျိုးရေးတောင်သူများ ဒေသသီးနှံနှင့်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရာတွင် အဆင်ပြေစေရေး သီးနှံမျိုးစေ့များဌာနမှ ဖြန့်ဝေပေးမှုအခြေအနေများ၊ ကျိုင်းတုံမြို့နယ်တွင် ဆန်းစပါး ဒေသအတွင်း လုံလောက်မှုရှိပါကြောင်းနှင့် စားသုံးဆီလုံလောက်မှုရှိစေရေး ဒေသအတွင်း နေကြာစိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများနှင့် နမ့်ခင်ချောင်း ဝဲ/ယာတွင်ရေစု၍ နေရောင်ခြည်သုံးဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ် အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အောင်ဇင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)