လူကုန်ကုးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူကုန်ကုးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပ

       

MNP - ဧပြီ   ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Showကို လူထုအ ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဧပြီလ ၂၂ ရက် မွန်းလွဲပိုင်းက  ကျင်းပခဲ့ကြောင်း သိရသည်။                                     

ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ    လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show Talk Showကို ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးနှင့် စာရေးဆရာခိုင်မင်း (နေပြည်တော်)တို့က လူကုန်ကူးမှုဖြစ်ပွားစေသည့် အဓိကအကြောင်း အရင်းများ၊ လူကုန်ကူးမှုတွင် အသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကူးမှုခံရနိုင်ခြေ အများဆုံးဖြစ်စေသည့် သူများနှင့် လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် နည်းလမ်း များ အကြောင်းကိုအသိ ပညာပေးဆွေးနွေးခဲ့သည်။       

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဥတ္တရခရိုင်ရုံးမှ ရိုက်ကူးထုတ် လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက် Facebook page တွင်ဝင် ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)