ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရုံးတွင် ရေကိုခြိုးခြံချွေတာစွာ သုံးစွဲနိုင်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရုံးတွင် ရေကိုခြိုးခြံချွေတာစွာ သုံးစွဲနိုင်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ



MNP  -   ဧပြီ   ၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရေကိုခြိုးခြံချွေတာစွာသုံးစွဲနိုင်ရေး အသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Commu nity Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့အေးမှ ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ လက်ထောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်အောင်မှ အဖိုးတန်ရေကို ချွေတာစွာသုံးစွဲသွားသင့်ကြောင်း၊ မလိုအပ်ဘဲ ရေပိုက်ခေါင်းများဖွင့်ထားခြင်း မပြုလုပ်သင့်ကြောင်း၊ ရေချိုးနေစဉ်နှင့်ဆပ်ပြာတိုက်နေစဉ်တွင် ရေးပိုက်ခေါင်းများကို ဖွင့်မထားကြရန်၊ ယာဉ်များဆေးကြောလျှင် ရေပိုက်မသုံးဘဲ ရေဖြည့်ထားသောပုံးဖြင့်သာ ယာဉ်များကို ဆေးကြောကြရန်နှင့် အဝတ်အနည်းငယ်အတွက် အဝတ်လျှော်စက်မသုံးဘဲ အဝတ်လျှော်စက် အပြည့်အဝတ်ရှိမှသာ စက်ဖြင့်လျှော်ရန်၊  ရေစက်ကျမနေစေရန်အတွက် ကျပ်အောင် ပိတ်ထားကြရန်လိုကြောင်း ဆွေးနွေးခဲ့ပြီး အထူးသဖြင့် ဝန်ထမ်းများသည် ရေကိုချွေတာ သုံးစွဲသင့်ကြောင်း ၊ရေချိုးခန်းများ၊ အများသုံးအိမ်သာများနှင့် ဘုံပိုင်ခေါင်းမှ ရေပိုက်ခေါင်းများပွင့်နေလျှင် ပိတ်ထားသင့်ကြောင်း၊ ပန်းပင်များနှင့်မြက်ခင်းများကို ရေပိုက်များ ဖြင့်  ရေခွက်ဖြင့်လိုအပ်သလောက်သာ ချိန်ဆလောင်းသင့်ကြောင်း၊ ရေတွင် အာဟာရနှင့် ကယ်လိုရီမပါဝင်သော်လည်း သန့်ရှင်းဘေးကင်းသောရေသည် လူသားနှင့်သက်ရှိများအတွက် အလွန်အရေးကြီးကြောင်း၊ ယနေ့အထိ ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာမဖူလုံသော လူသားများရှိနေသလို သန့်ရှင်းသော သောက်သုံးရေမရရှိသည့်နိုင်ငံနှင့် လူသားများ ရှိနေဆဲဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တည်းတွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်သည် ရေကိုအခြေ ခံသောရောဂါများ ရင်ဆိုင်ရဖွယ်ရှိကြောင်း ပညာရှင်များကသုံးသပ်ထားကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်း - ဖြိုးစန္ဒာကျော်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)