ရေးမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်အားကစား အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေးမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်အားကစား အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပ


MNP - ဧပြီ    ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီခွဲအချိန်က လူငယ်နှင့်အားကစား အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲကို မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြပြီး ပထမဦးစွာ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အားကစားမှူး ဒေါ်ယဉ်သူအေးက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက် ဆွေးနွေးပြောကြားပြီး လူငယ်များအနေဖြင့် အားကစားလုပ်ခြင်းဖြင့် ကိုယ်လက်ကြံ့ခိုင် ကျန်းမာစေခြင်း အကြောင်း၊ အားကစားလုပ်ခြင်းဖြင့် နိုင်ငံတော်၏ ဂုဏ်ကိုမြှင့်တင်ပေးရာ ရောက်မည် ဖြစ်ကြောင်း၊ အားကစား ဝန်ကြီးဌာန၏ အားကစားဆိုင်ရာ ခံယူချက်နှင့် မူဝါဒများအကြောင်း၊ မြို့နယ်အတွင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်းများနှင့် ဆုရရှိသည့် အားကစားနည်းများ၊ မြို့နယ်အတွင်းရှိ ကျောင်းသား၊ လူငယ်များအား အားကစားနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ပေးနိုင်မှုများ၊ ယခုအခါ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစာအောင်မြင် တိုးတက်အောင် ဆောင်ရွက်ပေးနေမှုများ၊ အားကစားဝန်ကြီးဌာန၏ ရှေ့လုပ်စဉ်များနှင့် ကျန်းမာရေး ဆိုသည်မှာ အားကစား၊ ကြံ့ခိုင်ရေးနှင့် ဆက်စပ်နေ၍ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို တက်စေကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ယခုလို အသိပညာပေး ဆွေးနွေးပွဲများ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်ပြီး ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ၊ လူငယ်များအား အသိပညာပေး ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)