စစ်ကိုင်းခရိုင် ပြန်/ဆက် ဦးစီးဌာနတွင် “ ရှေးဦးသူနာ ပြုစုနည်း” ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းခရိုင် ပြန်/ဆက် ဦးစီးဌာနတွင် “ ရှေးဦးသူနာ ပြုစုနည်း” ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ



MNP - ဧပြီ    ၆

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့စုတို့ ပူးပေါင်း၍ “ရှေးဦးသူနာပြုစုနည်း” ခေါင်းစဉ်ဖြင့် Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ခွဲစုမှူးက ပြည်သူတစ်ဦးတစ်ယောက် အရေးပေါ်လူနာဖြစ်ခဲ့ရင် ရောဂါအခြေအနေပေါ်မှာ လိုက်၍ ရှေးဦး ပြုစုရမည့် နည်းလမ်းအဆင့်ဆင့်တို့ကို ဦးဆောင်ဆွေးနွေး ပေးခဲ့သည်။

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုများရရှိစေရန် စာအုပ်များငှားရမ်းပေးခြင်း၊ Talk Show များကျင်းပဆောင်ရွက်ခြင်း၊ ကလေး များအား ပြပွဲ/ပြိုင်ပွဲများ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သတင်း - ဇော်မြင့်နိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)