မြင်းမူ၌ စိုက်ပျိုးရေးနည်းပညာပေး Talk Show အစီအစဉ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းမူ၌ စိုက်ပျိုးရေးနည်းပညာပေး Talk Show အစီအစဉ်ကျင်းပ



MNP - ဧပြီ    ၆

စစ်ကိုင်းခရိုင်၊    မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်   မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းတင်ဆက်သည့်   စိုက်ပျိုးရေး နည်းပညာပေး Talk Show အစီအစဉ် ပြုလုပ်တင်ဆက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်/ဆက် ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်/ဆက် ဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအောင်က ယနေ့ပြုလုပ်မည့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် စိုက်ပျိုးရေးဆိုင်ရာ  နည်းပညာအကြောင်းများနှင့်

ပတ်သက်၍ တင်ပြဆွေးနွေးပေးရန် ဖိတ်ခေါ်ရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးရဲမြင့်သိန်းက မိမိတို့နိုင်ငံမှာ စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် အားလျှော်စွာ စိုက်ပျိုးရေး လုပ်ကိုင်ရာတွင် သွင်းအားစုဖြစ်သည့် ဓာတ်မြေဩဇာများ သုံးစွဲခြင်းကြောင့် ကုန်ကျစရိတ်များ ပြားခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေခြင်းတို့ ဖြစ်စေကြောင်း၊ ယင်းကြောင့် ကုန်ကျစရိတ် သက်သာပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ထိန်းသိမ်းနိုင်ပြီး သီးနှံထွက်ရှိမှုကို ပိုမိုရရှိစေသည့် သစ်စိမ်းမြေဩဇာ အမျိုးမျိုးပြုလုပ် သုံးစွဲနည်း၊ သဘာဝပိုးသတ်ဆေးရည် ပြုလုပ်သုံးစွဲနည်း၊ စပါးခွံပေါင်းခံရည်ပြုလုပ် သုံးစွဲနည်းစသဖြင့် တောင်သူများအတွက် များစွာ အကျိုးပြုပြီး၊ ကုန်ကျစရိတ်နည်းပါးသည့် နည်းပညာများနှင့်ပါတ်သက်၍ ရှင်းလင်း တင်ပြဆွေးနွေးခဲ့သည်။

မြင်းမူမြို့နယ် ပြန်/ဆက်ဦးစီးဌာန ပြည်သူများအတွက် အကျိုးပြုစေသည့် စာဖတ်ဝိုင်းများနှင့် ပညာပေး Talk Show အစီအစဉ်များအား ပြုလုပ်တင်ဆက်ပေးလျက်ရှိသည်။

သတင်း - အောင်စိုးဖေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)