MNP ၊ ဧပြီ ၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ယနေ့နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အားကစားဆိုင်ရာအသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ(Talk Show)ဆွေးနွေးပွဲတွင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်စိန်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးမြမင်းထွန်းက လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားလပ်သောအချိန်များတွင် အားကစားကဏ္ဍကို လေ့လာလိုက်စားစေလိုကြောင်း၊ နွေရာသီအားလပ်ရက်ရှည်ကာလ၌ အားကစားသင်တန်းများသို့ တက်ရောက်ပါဝင်ကာ ကျန်းမာကြံခိုင်ပြီး ဉာဏ်ရည်ထက်မြက်ရေးအတွက် အချိန်ကိုအကျိုးရှိရှိ အသုံးချကြစေရေး၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားများဖြစ်လာမည်ဖြစ်ပါကြောင်း၊ အားကစားနည်းများအလိုက် အခြေခံမှစပြီး သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် အားကစားစိတ်ဓာတ်ထားရှိခြင်း၊ အားကစားကိုစိတ်ပါဝင်စားစွာဆောင်ရွက်ခြင်းမှတစ်ဆင့် ကျောင်းသား၊ကျောင်းသူ၊လူငယ်၊လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်များ ဖြစ်လာစေရန်စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment