မိုင်းဆတ်မြို့၌ လူငယ်နှင့်အားကစား အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ လူငယ်နှင့်အားကစား အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ



MNP - ဧပြီ    ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူငယ်နှင့်အားကစား အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဧပြီလ(၆)ရက်နေ့ နံနက်(၉)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်စန်းစန်းယဉ်က လူငယ်နှင့်အားကစား Talk Show ပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်နှင့်အားကစား အကြောင်းအရာများကို ဦးစီးအရာရှိဒေါ်စန်းစန်းယဉ်က ဆွေးနွေးမေးမြန်းရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးချစ်ကိုက အားကစားအမျိုးအစား၊ အားကစား၏အဓိပ္ပာယ်၊ ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်သည့်အရည်အချင်းများ၊ အားကစားစိတ်ဓါတ်မြှင့်တင်ရန်နှင့် အားကစားသမားကောင်းများ ထွက်ပေါ်လာစေရန် ဆောင်ရွက်ပေးနေမှုများ၊ ခရိုင်၊ ပြည်နယ်၊ တိုင်းအဆင့်အထိ အားကစားဝင်ရောက် ယှဉ်ပြိုင်မှုများစသည့် အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သတင်း - မြင့်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)