ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်



MNP - ဧပြီ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ရွှေသောင်ယံမြို့မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခင်ဝေဝေမြင့်မှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ပြည်သူများမီးသုံးစွဲရာ၌ ဆောင်ရန်ရှောင်ရန် အချက်အလက်များကို ကြိုတင်သိရှိထားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ရွှေသောင်ယံမြို့ မီးသတ်ဦးစီးဌာနမှ တာဝန်ခံဦးဇော်ဇင်မိုးမှ ပြည်သူများအနေဖြင့် နေ့စဉ်သုံးစွဲလျှက်ရှိသော လျှပ်စစ်မီး၊ မီးဖိုမီး၊ ဖယောင်းတိုင်မီးစသည်ဖြင့် အမျိုးမျိုးသုံးစွဲကြရာတွင် မီးသတ်ဦးစီးဌာန၏ ဆောင်ရန်၊ ရှောင်ရန်လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာပေးကြရန် ထို့ပြင် ခြင်ဆေးခွေများ ထွန်းညှိခြင်း၊ အမွှေးတိုင်မီးများနှင့် ဘုရားပူဇော်ခြင်းများကိုလည်း ရာသီပူပြင်းသည့ ်အတွက်ကြောင့် သတိထား သုံးဆောင်ရန်၊ မီးသတ်ဆေးဗူးများကို ဆောင်ထားရန် နေအိမ်နှင့် ပတ်ဝန်းကျင်တွင် မီးလောင်လွယ်သည့် အမှိုက်သရိုက်များကို ရှင်းလင်းဆောင်ရွက်ထားရန် မီးဘေးအန္တရာယ် တစ်စုံတစ်ရာ ပေါ်ပေါက်ပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားရန် စသည်ဖြင့် ဆောင်ရန်၊ ရှောင်ရန် တို့ကို Talk Show အစီအစဉ်ဖြင့်ပြောကြားခဲ့ကြောင်း သိရသည်။

ကိုကိုမောင်

သတင်း - ရွှေသောင်ယံ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)