တိုင်းရင်းဆေးပညာဆိုင်ရာ အသိပညာပေး (Talk Show) ကော့ကရိတ်မြို့၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းရင်းဆေးပညာဆိုင်ရာ အသိပညာပေး (Talk Show) ကော့ကရိတ်မြို့၌ ကျင်းပ


MNP -  ဧပြီ    ၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းကျင်းပသည့် တိုင်းရင်းဆေးပညာဆိုင်ရာ အသိပညာပေး (Talk Show)ကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ကော့ကရိတ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက အသိပညာပေး (Talk Show)ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်တိုင်းရင်းဆေးကုဌာန လက်ထောက်တိုင်းရင်းဆေးမှူး နှင်းအိဖြူက နွေရာသီတွင် ယေဘုယျဖြစ်ပွားတတ်သော ရောဂါများအကြောင်း၊ ခေါင်းအုံ၊ ခေါင်းကိုက်၊ ခေါင်းခဲခြင်း၊ အပူဝင်၊ အပူငုပ်၊ မျက်စိကျိန်း၊ မျက်စိနာ၊ ဆီးပူ၊ ဆီးအောင့်၊ နှားခေါင်းသွေးလျှံစသည့် ရောဂါများကို တိုင်းရင်းဆေးပညာအရ ပြုစုကုသနည်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆွေးနွေးခဲ့သည်။

သတင်း - စောအောင်မျိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)