ဆယ်ကျော်သက်ကလေး အသိပညာပေးTalk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆယ်ကျော်သက်ကလေး အသိပညာပေးTalk Show ကျင်းပ


MNP - ဧပြီ    ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ဆယ်ကျော်သက်ကလေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က ဆယ်ကျော်သက် ကလေးတွေရဲ့ စိတ်အခြေအနေများ၊ လူမှုဆက်ဆံရေး၊ ကြုံတွေ့ရတဲ့ အခက်အခဲများ၊ ဆယ်ကျော်သက် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲလာမှုအပေါ် လျစ်လျူရှုခြင်းမပြုရန်၊ မိဘများအနေဖြင့် မိမိသားသမီးများအပေါ် အလွဲသုံးစားမပြုလုပ်ရန်နှင့် မိမိကလေးရဲ့အခက်အခဲကို နားထောင်ပေးရန်နှင့် ဖြေရှင်းပေးရန်လိုအကြောင်း  ဆွေးနွေး ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ် များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

သတင်း - မျိုးသီဟ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)