သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် Thandwe Youth Club တို့ပူးပေါင်းဖွင့်လှစ်သည့် ဂျပန်စကားပြောအခြေခံ N-5 သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် Thandwe Youth Club တို့ပူးပေါင်းဖွင့်လှစ်သည့် ဂျပန်စကားပြောအခြေခံ N-5 သင်တန်းဖွင့်လှစ်






MNP ၊  ဧပြီ ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် Thandwe Youth Club တို့ပူးပေါင်းဖွင့်လှစ်သည့် ဂျပန်စကားပြောအခြေခံ N-5 သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် (၁၂:၃၀)နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်စန္ဒာကြည်က အမှာစကားပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြန်ကြားရေးနှင့်ပြည်သူ့  ဆက်ဆံရေးဦးစီးဌာနအနေဖြင့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေရာသီကျောင်းပိတ်ရက် တွင် ဟောပြောပွဲများ ၊ သင်တန်းများ၊ ပြိုင်ပွဲ၊ ပြပွဲများနှင့်စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ သင်တန်းသူ/သားများအနေဖြင့်သင်တန်းအစမှသင်တန်း ပြီးဆုံးသည့်တိုင် အချိန်ပြည့်တက်ရောက်ပေးရန်လိုအပ်ကြောင်းနှင့် သင်တန်းမှချမှတ်ထားသည့် စည်းကမ်းချက်များအလေးထားလိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး Thandwe Youth Club မှ ဒု-ဥက္ကဌ ဦးသန်းလင်းဇော်က Youth Club ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းပြောကြားခဲ့သည်။၎င်းနောက် Youth Club မှ ဥက္ကဌ ဦးစည်သူနိုင်က သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဒေါ်အိအိဖြိုးနှင့် သင်တန်းသားများ အချင်းချင်း အပြန်အလှန် မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ 


ဂျပန်စကားပြော အခြေခံ N-5 သင်တန်းကို ဧပြီလ ၂၃ ရက်နေ့မှစ၍ အပတ်စဉ် စနေ/တနင်္ဂနွေ နေ့လယ်(၁)နာရီ မှ(၂:၃၀)ထိ သင်ကြားပြသသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား/သူ(၃၅)ဦး တက်ရောက် သင်ယူလျက်ရှိကြောင်း သိရသည်။


သတင်း - စန္ဒာကြည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)