မင်္ဂလာဒုံမြို့နယ်တွင် နို့စားနွားကောင်ရေများတိုးပွားစေရေး Unit Plan အခြေပြု နွားမေထုန်မဲ့ သားစပ်နည်းများကို သင်ကြားပို့ချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်တွင် နို့စားနွားကောင်ရေများတိုးပွားစေရေး Unit Plan အခြေပြု နွားမေထုန်မဲ့ သားစပ်နည်းများကို သင်ကြားပို့ချပေး



MNP -  ဧပြီ   ၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နို့စားနွားမွေးမြူရေး လုပ်ငန်းအောင်မြင်စေရန်နှင့် နို့စားနွားကောင်ရေများ တိုးပွားလာနိုင်စေရန် အတွက် မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး မွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန်အတွက်လည်း ကျေးရွာနေပြည်သူများအား Unit Plan အခြေပြု နွားမေထုန်မဲ့ သားစပ်နည်းများကို သင်ကြားပို့ချပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။

နွားမေထုန်မဲ့ သားစပ်နည်းများကိုလည်း ယူနစ်အလိုက် နို့စားမွေးမြူရေးကျေးရွာအဖြစ် သတ်မှတ်ထားသည့် ရွှေနံသာကျေးရွာအုပ်စု၊ လေးထောင့်ကန်ကျေးရွာနှင့် အနီး ပတ်ဝန်းကျင်မှ နို့စားမွေးမြူသူများနှင့်နွားမေထုန်မဲ့သားစပ်ခြင်းကို စိတ်ပါဝင်စားသည့် ကျေးရွာနေပြည်သူများအား သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

Unit Plan အခြေပြု နွားမေထုန်မဲ့သားစပ်နည်းသင်တန်းကို မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် နယ်မြေရုံးတွင် မတ်လ(၂၄) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အထိ ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြသလို နွားမေထုန်မဲ့သားစပ်နည်းသင်တန်းသို့ ကျေးရွာနေပြည်သူ (၁၃)ဦးတို့ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက မေထုန်မဲ့သားစပ်နည်းများကို စာတွေ့ လက်တွေ့သင်ကြားပို့ချပေးခဲ့ကြကြောင်း သိရသည်။

သတင်း - ဆုလှိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)