လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်အတွင်းရှိ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေသော မိသားစုများအား ကုလသမ္မဂ္ဂစားနပ်ရိက္ခာ ဖွံ့ဖြိုးမှုအစီအစဉ်(WFP)မှ ဆန်အိတ်များလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်အတွင်းရှိ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေသော မိသားစုများအား ကုလသမ္မဂ္ဂစားနပ်ရိက္ခာ ဖွံ့ဖြိုးမှုအစီအစဉ်(WFP)မှ ဆန်အိတ်များလှူဒါန်း



MNP - ဧပြီ   ၃၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၁၁)ရပ်ကွက်အတွင်းရှိ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေသော မိသားစုများအား ကုလသမ္မဂ္ဂစားနပ်ရိက္ခာ ဖွံ့ဖြိုးမှုအစီအစဉ် (WFP)၏ အစီအစဉ်ဖြင့် ယနေ့ နံနက် ၈ နာရီက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုရာ၌ တစ်အိမ်ထောင်လျှင် ဆန်တအိတ်နှုန်းဖြင့် စုရပ်များဖြစ်သော မန္တလေးလမ်းရှိ ဦးမောင်မောင်ကိုယ်ပိုင် အထက်တန်းကျောင်း၊ ပုဂံလမ်းမကြီးရှိ ဦးမောင်စိုးနေအိမ်ရှေ့၊ ချယ်ရီလမ်းနှင့် စိန်ချယ်လမ်းထောင့်နှင့် ပိတောက်လမ်းနှင့်ခိုင်သဇင် လမ်းထောင့်တို့အား ဆန်ဖြန့်ဝေရန် စုရပ်များအဖြစ်သတ်မှတ်ပြီး WFP မှ ဖြန့်ဖြူးရေး အဖွဲ့ခေါင်းဆောင် ဦးစိုးဝဏ္ဏနှင့်အဖွဲ့ဝင်(၄၈)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဦးပါ အင်အား(၁၅)တို့ဖြင့် ဆောင်ရွက်ခဲ့ရာ စုစုပေါင်း အိမ်ထောင်စု (၁၆၈၀)စုတို့အတွက် (၅၀)ကီလိုဝင် ဆန်အိတ်ပေါင်း (၁၆၈၀)အိတ် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်း - သိန်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)