မော်လမြိုင်မြို့ တပ်မတော်ဆေးရုံ၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)က စုပေါင်းသွေးလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့ တပ်မတော်ဆေးရုံ၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)က စုပေါင်းသွေးလှူဒါန်း


MNP ၊ ဧပြီ  ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသ နေသူများ သွေးလိုအပ်ချက်မရှိစေရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ အသင်းဝင်သံဃာတော်များနှင့် အသင်းသားများက အဆိုပါတပ်မတော်ဆေးရုံ၌ ယနေ့တွင် စုပေါင်းသွေးလှူဒါန်း ကြသည်။

ဦးစွာ ကျန်းမာရေးဝန်ထမ်းများက သွေးအလှူရှင်များဖြစ်ကြသည့် အသင်းဝင်သံဃာတော်များနှင့် အသင်းသားများစုစုပေါင်း ၂၅ ဦးအား သွေးပေါင်ချိန် ခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး သွေးအလှူရှင်များက စုပေါင်းသွေးလှူဒါန်းကြသည်။

ထိုသို့ သွေးလှူဒါန်းနေမှုများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး သွေးအလှူရှင် များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)