မူဆယ်မြို့တွင် မသန်စွမ်းသူများအတွက် Barrier Free Tourism အခြေခံဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့တွင် မသန်စွမ်းသူများအတွက် Barrier Free Tourism အခြေခံဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်လှစ်





MNP - မေ   ၃၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ စိန်ရတနာဟိုတယ်တွင် မသန်စွမ်းသူများအတွက် Barrier Free Tourism အခြေခံဝန်ဆောင်မှုဆိုင်ရာ သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။


အဆိုပါ ဖွင့်လှစ်ရာတွင်သက်ဆိုင်ရာဌာနနှင့် လုပ်ငန်းရှင်များတက်ရောက်ကြပြီး ဒုတိယခရိုင် စီမံအုပ်ချုပ်ရေးမှူး ဦးမောင်မောင်က “ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း အရင်းအမြစ်ကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်ပြီး၊ ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက် လည်ပတ်ရာ ခရီးစဉ်ဒေသတစ်ခုဖြစ်ပါတယ်၊ မသန်စွမ်းသူများအတွက် အခြေခံဝန်ဆောင်မှုဆိုင်ရာ သင်တန်းကို စမ်းသပ်စီမံကိန်းအဖြစ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ မသန်စွမ်းသူများဟာလည်း လူသားများဖြစ်သည့်အတွက် ၎င်းတို့မှာ ခရီးသွားလာခွင့်၊ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့်အစရှိတဲ့ အခွင့်အရေးများရှိပါတယ်၊ ကိန်းဂဏန်း အချက်အလက်များအရ ကမ္ဘာလူဦးရေ၏ ၁၅ ရာခိုင်နှုန်း ခန့်ဖြစ်သော (၁ ဘီလီယံ)ခန့် လူဉီးရေသည် အထက်ပါဖော်ပြပါ အုပ်စုဝင်မသန်စွမ်းသူများဖြစ်သည်ဟု သိရှိရပြီး အခုလိုမျိုး ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပေးတဲ့ ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ဟိုတယ်များကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ထည့်သွင်းပြောကြားလိုပါတယ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေနဲ့လည်း အခုလိုသင်တန်းများအပြင် ခရီးစဉ်ဒေသတွေမှာ မသန်စွမ်းသူများ လှည့်လည်သွားလာနိုင်ဖို့ လိုအပ်တဲ့အခြေခံအဆောက်အဦးများ၊ ပြုပြင်မွမ်းမံမှုများဆောင်ရွက်ဖို့ ဘဏ္ဍာငွေကြေးများ ထည့်သွင်းလျာထားတွက်ချက်ပြီး အကောင်အထည်ဖော်ပေးသွားမှာ ဖြစ်ပါတယ်” လို့အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးမောင်မောင်က လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းမြင့်ခိုင်အား ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။


သတင်း - ချယ်ရီမြေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)