ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက် တနင်းဖလုံလမ်းသွယ်(၁)ရှိမြေသားလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက် တနင်းဖလုံလမ်းသွယ်(၁)ရှိမြေသားလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ ရာနှုန်းပြည့်ပြီးစီး

 





MNP - မေ   ၂၅


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူ များသွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင်ကရင်ပြည်နယ်၊အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၉.၉၀၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တနင်းဖလုံ လမ်း သွယ်(၁)လမ်းတွင် ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို မေလ ၁၅ရက်‌နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီးကြောင်း သိရသည်။


ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် အရှည်(၂၅၉)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို သတ်မှတ်အချိန်ကာလအတွင်း အချိန် မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံ မြို့စည်ပင်သာယာရေး အဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှအနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


အဆိုပါ လမ်းခင်းခြင်းလုပ်ငန်းပြီးစီးဖြစ်၍ မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွား‌ရေးလာ‌ရေးအတွက် အဆင်‌ပြေလွယ်ကူ‌‌လာပြီး ကျန်းမာ‌ ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေလာပြီးဖြစ်ကြောင်း သိရသည်။


သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)