မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ



MNP - မေ   ၂၆


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းက အဖွင့်အမှာစကားပြောကြား၍ မြို့မိမြို့ဖ ဦးစိုင်းအုန်းခေါင်က ကျောင်းသားကျောင်းသူများစာသင်ကျောင်းသို့ အချိန်မီ ရောက်ရှိအပ်နှံရေး၊ ဆရာ၊ မိဘ၊ ကျောင်းသား သုံးနားညီပူးပေါင်းကာ မိမိတို့၏ ကလေးပညာရေး ကဏ္ဍကို ပံ့ပိုးပေးစေခြင်းများကို အကြံပြုပေးပြီးကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကလေးများကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဆရာ၊ ဆရာမအခက်အခဲများကို ဆွေးနွေးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။


ထို့နောက် ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံများအား မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်း၊ မြို့မိမြို့ဖ ဦးစိုင်းအုန်းခေါင်၊ မိဘဆရာအသင်းဥက္ကဋ္ဌ ဦးမိုးကျော်သူတို့က ပေးအပ်ကာ သက်ဆိုင်ရာဆရာ/ဆရာမများမှလက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


အခမ်းအနားသို့ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


သတင်း - မနန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)