Pages

Pages

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၅၂၂၇၀၇ ဦးထိုးပေးနိုင်ပြီဖြစ်

 



MNP - မေ   ၂၆


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၅၂၈၆၂၅ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။


ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်တို့တွင် သတ်မှတ်စုရပ်နေရာနေရာအသီးသီး၌ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးသူ ၂၆၆၅၉၇ ဦးထိုးနှံပေးပြီးဖြစ်ကာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှု ၂၆၂၀၂၈ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ညောင်ဦးခရိုင်တွင် ကိုဗစ်ရောဂါကာကွယ် ဆေး ၅၂၈၆၂၅ ဦးထိုးပေးနိုင်ပြီဖြစ်ကြောင်း ဝေးလံသည့်ဒေသများနှင့် လာရောက်ဆေးထိုးရန် မလွယ်ကူသည့်နေရာဒေသများသို့လည်းနယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံမှ သိရသည်။


သတင်း - ကိုထိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment