ရန်ကင်းမြို့နယ်တွင် နွေရာသီအဆင့်မြင့် ရိုးရာခြင်းလုံးသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်တွင် နွေရာသီအဆင့်မြင့် ရိုးရာခြင်းလုံးသင်တန်း ဖွင့်လှစ်




MNP - မေ ၂၉
“မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ မြန်မာတစ်မျိုးသားလုံး အမျိုးသားရေး စိတ်ဓာတ်ကို ယုံကြည်ခိုင်မြဲစွာဖြင့် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကို စိတ်ပါဝင်စားလာစေရန်၊ နွေရာသီအားလပ်ရက်များတွင် ကျောင်းသူ၊ ကျောင်းသားများ အချိန်ကို အကျိုးရှိစွာအသုံးချတတ်လာစေရန်၊ မြို့နယ်အားကစားသင်တန်းများမှ မျိုးဆက်သစ်အား ကစား မောင်/မယ်များ ပေါ်ထွက်လာစေရန်၊ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ရာ အကောင်အထည်ဖော်ဆောင်ရွယ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် နွေရာသီ အဆင့်မြင့်ရိုးရာခြင်းလုံးသင်တန်းကို ၁.၅.၂၀၂၂ ရက်နေ့မှ ၃၁.၅.၂၀၂၂ ရက်နေ့အထိ အမှတ်(၆) ရပ်ကွက်ရှိ ရိုးရာခြင်းလုံးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ်များခြင်းလုံးအားကစားကို စိတ်ပါဝင်စား၍ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်လာစေရန်၊ ခြင်းလုံးအားကစားကိုအခြေခံ၍ စည်းလုံးညီညွတ်ရန်နှင့် စိတ်ဓာတ်ကောင်းမွန်လာစေရန်၊ မြို့နယ်အတွင်း ထူးချွန် ထက်မြက်သည့် အားကစားသမားလူငယ်လူရွယ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ မိမိကိုယ်ကိုယ်ကို ယုံကြည်မှုရှိလာစေရန် ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်ရာ ခြင်းလုံးကစားခြင်းသည် အစုအဖွဲ့၊ အသင်းအဖွဲ့နှင့် ကစားရသော အားကစားနည်း ဖြစ်၍ စည်းလုံးညီညွတ်မှု ပြယုဂ်ကို ပြသနိုင်ရုံသာမက သွေးစည်းညီညွတ်သော အနာဂတ် နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်သည့် ပြယုဂ်ကိုလည်း ဖော်ပြသည်ဖြစ်ရာ ညီညွတ်မှုသည် အင်အား၊ သွေးစည်းမှုသည် အင်အားဖြစ်သောကြောင့် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် နွေရာသီအဆင့်မြင့်ရိုးရာ ခြင်းလုံးသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း - အိရွှေစင်
မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)