Pages

Pages

တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) နိုင်ငံတကာရထား စတင်ထွက်ခွါလာပြီဖြစ်ကြောင်း သံရုံးက ထုတ်ပြန်


MNP ၊ မေ ၂၅

တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) နိုင်ငံတကာရထားလမ်း ရထားတွဲသည် မေလ ၂၃ ရက်နေ့တွင် ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကြွေဘူတာမှစတင်ထွက်ခွာလာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

သံရုံး၏ ထုတ်ပြန်ချက်တွင် တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) နိုင်ငံတကာရထားလမ်း ရထားတွဲသည် မေလ ၂၃ ရက်နေ့တွင် ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကြွေဘူတာမှစတင်ထွက်ခွာလာခဲ့ရာ တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) စတင်လည်ပတ်ခြင်းကို ကိုယ်စားပြုနေကြောင်း၊ ရထားတွဲ၌ စံချိန်မီကွန်တိန်နာပေါင်း အလုံး ၆၀ သယ်ဆောင်လာရာ စက်ပစ္စည်းများ၊ အီလက်ထရောနစ်အပိုပစ္စည်းများ၊ ကားနှင့်ဆိုင်ကယ်အပိုပစ္စည်းများ စသည်တို့ပါဝင်ကြောင်း၊ ရထားတွဲသည် ယူနန်ပြည်နယ် လင်ချန်းနယ်စပ်ဂိတ်မှတစ်ဆင့် ကားလမ်းနှင့်ရထားလမ်း ပူးပေါင်းပို့ဆောင်သည့်ပုံစံဖြင့် ၁၅ ရက်အကြာတွင် မြန်မာနိုင်ငံ မန္တလေးမြို့သို့ရောက်ရှိမည်ဖြစ်ကြောင်း ထုပတ်ပြန်ထားသည်။

ခန့်မှန်းတွက်ချက်မှုအရ ချုံချင့်နှင့်မြန်မာနိုင်ငံအကြား ကုန်စည်ပို့ဆောင်မှုကြာချိန်သည် သမားရိုးကျနည်းလမ်းထက် ရက် ၂၀ လျော့နည်းသွားမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုအရင်းအနှီး ၂၀% လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment