MNP - မေ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ် နှင့်အညီ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်(၉:၀၀)နာရီအချိန်ခန့်က အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ကျောင်းအပ်လက်ခံရာတွင် အခြေခံပညာကျောင်း၌ KG တန်းမှ GRADE-11 အထိ သက်ဆိုင်ရာအတန်းများအလိုက် အတန်းပိုင် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ကျောင်းအပ်နှံခြင်းကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာအထက်တန်း ကျောင်းကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းဖွင့်ချိန်တွင် ကျောင်းသုံး ပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစံလောင်ထံမှ သိရသည်။
သတင်း - ဇော်ဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment