MNP ၊ မေ ၂၇
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ် ဒုတိယနေ့ဖြစ်သည့်မေ၂၇ ရက်နေ့တွင် သံတွဲမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ၊ကျောင်းသူများ ကျောင်းဆက်လက် အပ်နှံလျက်ရှိကြောင်းသိရသည်။
“ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေ ၂၆ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိရာ သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊အလယ်တန်း၊ မူလတန်းကျောင်းများတွင် မေ ၂၆ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း၉၃၂၅ ဦး ကျောင်းအပ်နှံပြီးစီးခဲ့ပြီး နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသည့် ပုံနှိပ်စာအုပ်များကိုလည်း ကျောင်းသား၊ သူများအား အခမဲ့ပြန်လည်ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အေးချမ်းပျော်ရွှင်စွာ ကျောင်းအပ်နှံလျက်ရှိပြီး ပညာရေး ဝန်ကြီး ဌာန၏ အသိပေးကြေငြာချက်ဖြစ်သည့် (၅)နှစ်အရွယ်ကလေးများကို (KG)အတန်းသို့ အပ်နှံရန်နှင့် (၆)နှစ် အရွယ် ကလေးငယ်များကို ပထမတန်း(Grade-1)သို့အပ်နှံရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
သတင်း - သန့်ဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment