MNP ၊ မေ ၂၄
ပေါင်မြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိုက်ထွန်း ၏ဦးဆောင်မှုဖြင့် လေပြင်းတိုက်ခတ်ပြီးမိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လေဘေးသင့် အိမ်ထောင်စု (၁၃၀)စုအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း ကို ယမန်နေ့ ညနေ့ပိုင်းက ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ ပေးအပ်သောထောက်ပံ့ငွေများကို ခရိုင်အုပ်ချုပ်ရေးမှုးနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိုက်ထွန်း တို့က အိမ်ထောင်စု (၁၃၀)စုအတွက် အိမ်ထောင်စု ထောက်ပံ့ငွေကျပ် (၁၀၈၁၅၅၀ဝိ/-)နှင့်ဘုန်းကြီးကျောင်း(၄)ကျောင်းကျောင်းဆောက်ပစ္စည်းအတွက် တစ်ကျောင်းလျင် ငွေကျပ် (၂၀၀၀၀ဝိ/-) ရေမျောသေဆုံးသူတစ်ဦးအတွက် ငွေကျပ်(၃၀၀၀၀၀/-) စုစုပေါင်း ထောက်ပံ့ငွေကျပ်(၁၁၃၁၅၅၀၀/-)တစ်ရာ့တစ်ဆယ့်သုံးသိန်းတစ်သာင်း ငါးထောင် ငါးရာကျပ် ခန့်နှင့် ကယ်ဆယ်ရေးပစ္စည်းများအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့်လည်း နောက်ထပ်တစ်ကြိမ်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မွန်မလေး
#MyanmarNationalPost
No comments:
Post a Comment