ပေါင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အိမ်ထောင်စု (၁၃၀)စုအတွက် ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အိမ်ထောင်စု (၁၃၀)စုအတွက် ထောက်ပံ့ငွေပေးအပ်








MNP ၊ မေ ၂၄

ပေါင်မြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိုက်ထွန်း ၏ဦးဆောင်မှုဖြင့် လေပြင်းတိုက်ခတ်ပြီးမိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လေဘေးသင့် အိမ်ထောင်စု (၁၃၀)စုအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း ကို ယမန်နေ့ ညနေ့ပိုင်းက ပြုလုပ်ခဲ့သည်။


ထိုသို့ပြုလုပ်ရာတွင်  ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့  ပေးအပ်သောထောက်ပံ့ငွေများကို  ခရိုင်အုပ်ချုပ်ရေးမှုးနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိုက်ထွန်း တို့က အိမ်ထောင်စု (၁၃၀)စုအတွက် အိမ်ထောင်စု ထောက်ပံ့ငွေကျပ် (၁၀၈၁၅၅၀ဝိ/-)နှင့်ဘုန်းကြီးကျောင်း(၄)ကျောင်းကျောင်းဆောက်ပစ္စည်း‌အတွက် တစ်ကျောင်းလျင် ငွေကျပ် (၂၀၀၀၀ဝိ/-) ရေမျောသေဆုံးသူတစ်ဦးအတွက်   ငွေကျပ်(၃၀၀၀၀၀/-) စုစုပေါင်း ထောက်ပံ့ငွေကျပ်(၁၁၃၁၅၅၀၀/-)တစ်ရာ့တစ်ဆယ့်သုံးသိန်းတစ်‌သာင်း ငါးထောင် ငါးရာကျပ် ခန့်နှင့် ကယ်ဆယ်ရေးပစ္စည်းများအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့်လည်း နောက်ထပ်တစ်ကြိမ်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မွန်မလေး

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)