ဟိုပန်၌ ဆုံဆို့နာနှင့် မေးခိုင်ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်၌ ဆုံဆို့နာနှင့် မေးခိုင်ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

 



MNP - မေ   ၂၄


"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်(၃)နှစ်မှ(၇)နှစ်အတွင်း ကလေးငယ်များအား ယမန်နေ့နံနက်(၁၀)နာရီက ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် နောင်မိုကျေးရွာရှိ စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ထိုးနှံပေးရာတွင် ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးရန်ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များမှ ကလေးငယ်(၁၃)ဦးနှင့် နောင်မိုကျေးရွာမှ ကလေးငယ်(၈)ဦး စုစုပေါင်း အသက်(၃)နှစ်မှ(၇)နှစ်အတွင်းရှိ ကလေးငယ်(၂၁)ဦးတို့အား ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။


ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်နေရာများ၌  ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များကပူးပေါင်း၍  ဆေးထိုးနှံမည့် ကလေးငယ်များအား ဆေးထိုးရာတွင် အခက်အခဲမရှိ စေရန်အတွက် လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)