MNP - မေ ၂၄
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်(၃)နှစ်မှ(၇)နှစ်အတွင်း ကလေးငယ်များအား ယမန်နေ့နံနက်(၁၀)နာရီက ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် နောင်မိုကျေးရွာရှိ စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးရန်ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များမှ ကလေးငယ်(၁၃)ဦးနှင့် နောင်မိုကျေးရွာမှ ကလေးငယ်(၈)ဦး စုစုပေါင်း အသက်(၃)နှစ်မှ(၇)နှစ်အတွင်းရှိ ကလေးငယ်(၂၁)ဦးတို့အား ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်နေရာများ၌ ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များကပူးပေါင်း၍ ဆေးထိုးနှံမည့် ကလေးငယ်များအား ဆေးထိုးရာတွင် အခက်အခဲမရှိ စေရန်အတွက် လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment