ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိ၊ ရွှေတံဆိပ် (၉)ခု၊ ငွေတံဆိပ် (၁၈)ခုနှင့် ကြေးတံဆိပ် (၃၅)ခု ရရှိခဲ့ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိ၊ ရွှေတံဆိပ် (၉)ခု၊ ငွေတံဆိပ် (၁၈)ခုနှင့် ကြေးတံဆိပ် (၃၅)ခု ရရှိခဲ့ကြောင်း သိရ





MNP ၊ မေလ ၂၂

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် မေ (၁၂)ရက်မှ (၂၃)ရက်အထိ ကျင်းပပြုလုပ်နေသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့သည် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ အနုပညာရှင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုကြသည်။


ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ ရွှေတံဆိပ်ဆု ရရှိခဲ့ကြသည့် ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားနည်းမှ ရဲထွန်းနောင် (+၇၀)ကီလို၊ ဝူရှူးအားကစားနည်းမှ သိန်းသန်းဦး  (နန်းကွန့်)တုတ်ရှည်၊ ပီတန်း အားကစားနည်းမှ ခင်ချယ်ရီသက် (Women Shooting)၊ ပြိုင်ပွဲအသီးသီးမှ ငွေတံဆိပ်ဆု ရရှိသူများ၊ ကြေးတံဆိပ်ဆု ရရှိသူများနှင့်အတူ စစ်တုရင် ၊ E-Sports ၊ အမျိုးသမီးဘောလုံး၊ အမျိုးသား ဘော်လီဘော အားကစားနည်းတို့မှ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ ပြန်လည်လိုက်ပါလာကြသည်။


(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း (၂၀)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မေလ (၂၂)ရက်အထိ ဗိုဗီနမ် အားကစားနည်းမှ ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ် (၃)ခု၊ ကြေးတံဆိပ် (၆)ခု၊ ဝူရှူး အားကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၂)ခု၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၁)ခု၊ Kurash အားကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၂)ခု၊ ဘိလိယက်နှင့်စနူကာ အားကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၁)ခု၊ ပိုက်ကျော်ခြင်း အားကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၃)ခု၊ ပီတန်း အားကစားနည်းမှ ရွှေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၂)ခု၊ ဂျူဒို အားကစားနည်းမှ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၂)ခု၊ ပြေးခုန်ပစ် အားကစားနည်းမှ ငွေတံဆိပ် (၂)ခု၊ သေနတ်ပစ် အားကစားနည်းမှ ငွေတံဆိပ် (၂)ခု၊ ကနူး/ကယက် အားကစားနည်းမှ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၆)ခု၊ တိုက်ကွမ်ဒို အားကစားနည်းမှ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၃)ခု၊ အပြည်ပြည်ဆိုင်ရာ လှေလှော်အားကစားနည်းမှ ကြေးတံဆိပ် (၃)ခု၊ လက်ဝှေ့အားကစားနည်းမှ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၂)ခု၊ မြားပစ် အားကစားနည်းမှ ကြေးတံဆိပ် (၁)ခု၊ အလေးမ အားကစားနည်းမှ ကြေးတံဆိပ် (၁)ခု၊ စုစုပေါင်း ရွှေတံဆိပ် (၉)ခု၊ ငွေတံဆိပ် (၁၈)ခုနှင့် ကြေးတံဆိပ် (၃၅)ခု ရရှိခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)