ကျောက်ဆည်မြို့နယ် ရွှေဒါကျေးရွာတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် ကြက်ဟင်းခါး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် ရွှေဒါကျေးရွာတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် ကြက်ဟင်းခါး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 



MNP - မေ   ၃၁


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရွှေဒါးကျေးရွာတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ကြက်ဟင်ခါး စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်နီးပါး ခူးဆွတ်ရောင်းချရသဖြင့် မိသားစုစား ဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ကြက်ဟင်းခါးသီးနှံစိုက်ပျိုးမည်ဆိုပါက  သဘာဝမြေဩဇာနွားချေးများဖြင့် စနစ်တကျ မြေပြုပြင်ပြီး နေရောင်ခြည်ကောင်းစွာရရှိစေရန်နှင့် အပင်ဖြစ်ထွန်းစေရန်အတွက် တစ်ပင်နှစ်တစ်ပင်၊ တစ်တန်းနှင့် တစ်တန်း (၆)ပေခန့်အကွာစိုက်ပြီး (၅)ပေအမြင့်စင်များပြုလုပ်ကာ အစေ့တိုက်ရိုက်ချစနစ်ဖြင့် စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီး(၁၅)ရက်အကြာတွင် အပင်ခြေများ၌ အာမိုမြေဩဇာ အသင့်အတင့် ဖြူးကာ ရေသွင်းပေးပါက အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးသီးနှုန်းကောင်းမွန်ကြောင်း ပန်တံဆိပ် တစ်သုံးလုံးကြက်ဟင်းခါးမျိုးထုပ် (၁)ထုပ် စိုက်ပျိုးထားသည့် ရွှေဒါးကျေးရွာမှ တောင်သူဦးသန်ညွှန့်က ပြောပြသည်။


ကြက်ဟင်းခါးသီးနှံသည် စိုက်ပျိုးပြီး ရက်ပေါင်း(၃၀)ခန့်တွင် အပွင့်များစတင်ပွင့်ပြီး (၄၅)ရက်တွင် အသီးများစတင်ခူးဆွတ်ရောင်းချရကြောင်း၊ အပင်အပြုအစုကောင်းပါက ခူးဆွတ်ရောင်းချချိန် ရက်ပေါင်း(၁၈၀)ခန့်အထိ ကြာမြင့်ကြောင်း ကြက်ဟင်းခါးမျိုးထုပ်တစ်ထုပ် စိုက်ပျိုးထားပါက စတင်ခူး ချိန်တွင် အချိန်(၁၅)ပိဿာခန့်ခူးဆွတ်ရပြီး အသီးလှိုင်လှိုင်ပေါ်ချိန်တွင် ပိဿာ(၇၀)မှ(၈၀)ခန့်အထိ ခူးဆွတ်ရကြောင်း၊ ခူးဆွတ်ရာတွင် (၄)ရက်ခြား၊(၅)ရက်ခြားတစ်ခါ ခူးဆွတ်ရပြီး၊ ရောင်းဈေးအနေဖြင့် တစ်ပိဿာ(၈၀၀)ကျပ်မှ (၁၂၀၀)ကျပ်အထိ ဈေးအမျိုးမျိုးရောင်းချရကြောင်း၊ ကြက်ဟင်းခါးသီးနှံသည် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးပါကကုန်ကျစရိတ်နည်းပါးပြီး အကျိုးအမြတ်များသဖြင့်စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)