ပေါက်တောမြို့နယ်အတွင်းရှိ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်အတွင်းရှိ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့





MNP ၊ မေ ၃၁

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းရှိ မေ ၂၁ ရက် မွန်းလွဲပိုင်းက မိုးသက်လေးပြင်တိုက်ခတ်မှုကြောင့် လူနေအိမ် ငါးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

အဆိုပါ မိုးသက်လေးပြင်တိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီက ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဉက္ကဌ ဦးကျော်ဝင်း က ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရေးဦးစီးဌာနမှ အိမ်ထောင်စု တစ်စုလျင် ၁ သိန်းနှုန်း နှင့် Family Kit ၁၇ မျိုးကိုလည်းကောင်း  ၊မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ပေါက်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ Family Kit ၃၆ မျိုး တို့ကို တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများထံသို့  ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)