နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

 


MNP - မေ  ၂၉


၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမွန်ကျော်မြင့်၊ ဇမ္ဗူသီရိမြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်တို့နှင့်အတူ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အမှတ်(၇) အခြေခံပညာအထက်တန်း ကျောင်းနှင့်အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ၍ စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများ၊ ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သက်ဆိုက်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်အပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို(အခမဲ့)ထုတ်ပေးလျက်ရှိသည်။ ဇမ္ဗူသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၉) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁) ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) (၁) ကျောင်း၊ မူလတန်းလွန်ကျောင်း (၆) ကျောင်းနှင့် အမကကျောင်း (၃) ကျောင်းတို့တွင် မေလ (၂၆)ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်နှံရေးရပ်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ဇွန်လ (၂) ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)