Pages

Pages

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ရုံးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP ၊ မေ ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ရုံးများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီတွင် Virtual  စနစ်ဖြင့် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရခိုင်ပြည်နယ်ဦးစီးမှူး ဦးတင်ကိုဝင်း က ဦးစီးဌာန၏ ဖွဲ့စည်းပုံတိုးချဲ့မှုနှင့်အတူ ဆောင်ရွက်ရသည့် စုဖွဲ့မှု၊ တာဝန်ခွဲဝေသတ်မှတ်မှု၊ လုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် အကဲဖြတ်မှုများအားလည်းကောင်း၊ ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ရန် ချမှတ်ထား သည့် ဌာန၏ လုပ်ငန်းလမ်းညွှန် (၂၉)ချက်အား လည်းကောင်း၊ ဦးစီးဌာနတည်မြဲအမိန့်ပါ ဝန်ထမ်းတစ်ဦးချင်း၏ လုပ်ငန်းတာဝန်များအား လည်းကောင်း၊ ဌာနလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် တွေ့ရှိရသည့် အားသာချက်၊ အားနည်းချက်များအားလည်းကောင်း၊ ရှေ့ဆက်ဆောင်ရွက်သွားရမည့် ရည်မှန်းချက်တာဝန်များ အားလည်းကောင်း အသေးစိတ် ရှင်းလင်းမှာကြားသည်။


ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်၊ မြို့ရုံးမှ အရာထမ်းများ၊  တာဝန်ခံများက လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များ၊  ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် လုပ်ငန်း လိုအပ်ချက် များကို ဆွေးနွေးခဲ့ကြသည်။


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ရုံများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင် ၅ ရုံး၊ မြို့နယ်ရုံး ၁၂ ရုံးနှင့် မြို့ရုံး ၄ ရုံးတို့မှ အရာထမ်း (၂၂)ဦး၊ အမှုထမ်း (၆)ဦး၊ စုစုပေါင်း(၂၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment