ပန်းတောင်းမြို့နယ်တွင် နတ်မောက်ကျေးရွာ၌ အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပန်းတောင်းမြို့နယ်တွင် နတ်မောက်ကျေးရွာ၌ အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

16


MNP - မေ   ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် နတ်မောက်အုပ်စု၊ နတ်မောက်ကျေးရွာဓမ္မာရုံ၌ အခြေခံစက်ချုပ်သင်တန်းကို ယမန်နေ့ နံက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ရန်ပုံငွေဖြင့် "အခြေခံ စက်ချုပ် သင်တန်း"ကို ကျေးလက်နေပြည်သူများအား တစ်နိုင်တစ်ပိုင်အသေးစား စီးပွားရေးလုပ်ငန်းများ ထူထောင်ခြင်းနှင့်အတူ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် လူမှုဘဝအဆင့်အတန်း မြင့်မားလာစေရေး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍  ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားအား ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုး ထွန်းမှ တက်ရောက် အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးထွန်းသန်းဇော်မှ သင်တန်းဖွင့်လှစ်ပေးရခြင်း အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။  သင်တန်းကို မေ (၂)ရက်နေ့မှ (၃၁)ရက်နေ့ထိ (၁)လ စာတွေ့၊ လက်တွေ့၊ သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး နတ်မောက်ကျေးရွာအုပ်စုနှင့် အနီးနားကျေးရွာများမှ သင်တန်းသူ(၂၅)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

သတင်း - သင်းသင်းအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages