Pages

Pages

ဗန်းမော်မြို့တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ




MNP - မေ  ၂၁


ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီခွဲက နည်းပညာတက္ကသိုလ် (ဗန်းမော်)၌ ပျိုးပင်စုစုပေါင်း(၄၂၉)ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ဗန်းမော်မြို့ အမှတ်(၂၁) စစ်စင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်သူတို့က ပျိုးပင်များကို ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များသို့ ဖြန့်ဝေပေးခဲ့ သည်။ ယင်းနောက်  ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဇော်ဝင်းအောင်နှင့် ဆရာဆရာမများ၊ လူမှုရေးအသင်းအဖွဲ့တို့က ကညင် (၅ဝ)ပင်၊ ခရေ(၅၄)ပင်၊ ချယ်ရီ(၅ဝ)ပင်၊ မယ်ဇယ်(၁၉)ပင်၊ မန်ဂျန်ရှား(၁၀၃)ပင်၊ ပိတောက်(၅ဝ)ပင်၊ မဟော်ဂနီ(၅ဝ)ပင်နှင့် ကျွန်းပင်(၅၃)ပင် စုစုပေါင်းပျိုးပင်(၄၂၉)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။


ဆက်လက်၍ နည်းပညာတက္ကသိုလ်(ဗန်းမော်)ကျောင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဗန်းမော်တပ်နယ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများက မြက်ပင်ချုံနွယ်များ၊ အမှိုက်များကို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကိန်းဖြူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment