ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု







MNP ၊ မေ ၂၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက  စစ်တွေမြို့ပေါ်ရှိအခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။


ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး စစ်တွေတပ်နယ်မှ နယ်မြေခံတပ် မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက် နေပြည်သူများ  ပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုအား ပေးကြသည်။ ဆက်လက်၍ စစ်တွေမြို့၊ ပြည်တော်သာရပ်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်ပြီး ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်တော်သာ ရပ်ကွက်ရှိ အမှတ်(၁၅) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ(ရေတပ်) ကျောင်း များသို့သွားရောက်ပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှုအားလှည့်လည်ကြည့်ရှု အားပေးကြသည်။ 


လှည့်လည်ကြည့်ရှုကြစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အခြေခံပညာ ကျောင်းများ၌ လိုအပ်ချက်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသော စစ်တွေတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်နေ ပြည်သူများသည် အခြေခံပညာကျောင်းများတွင် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်း ရေး ဆောင်ရွက်ခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များဝိုင်းဝန်းရှင်းလင်း ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအန္တရာယ်ရှိနိုင်သော သစ်ပင်များအား ခုတ်ဖြတ်ရှင်း လင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ 


ယနေ့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း ၁၅၀၀ ကျော်တို့သည် စစ်တွေမြို့ပေါ်ရှိအခြေခံပညာကျောင်းများနှင့် စစ်တွေမြို့နယ်ရှိ အခြေခံပညာကျောင်းများ စုစုပေါင်း ၁၅ ကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ 


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)