မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် လေပြင်းတိုက်ခိုက်ပြီး နေအိမ်များ ပျက်စီးခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် လေပြင်းတိုက်ခိုက်ပြီး နေအိမ်များ ပျက်စီးခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်







MNP ၊ မေ ၂၉

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့နယ် မေ ၂၁ ရက်နေ့က မိုးသည်း ထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခိုက်ကာ နေ အိမ် များ ပျက်စီးခဲ့သော ဝေးလံခေါင်ဖျားသော ကျေးရွာနှစ်ရွာ ရှိ  အိမ်ထောင်စုများအား ဘေးအန္တရာ ယ် စီမံ ခန့်ခွဲမှု ဦး စီး ဌာန နှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့က ထောက်ပံ့ ပစ္စည်း များနှင့် ထောက်ပံ့ ငွေများကို ယမန် နေ့ နံနက် ပိုင်းက  ကွင်းဆင်းပေးအပ်ခဲ့ကြသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လေပြင်းတိုက်ခိုက်ကာ နေ အိမ် များ ပျက်စီးခဲ့သော အိမ်ထောင်စုများအား  ခရိုင် /မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့နှင့်အတူ တာဝန်ရှိသူများက ရဲအောင်စံရဖွေကျေးရွာအုပ်စုမှ   ၊ သုပဏ္ဏက(ဘောင်း) ရွာ တွင် တစ်ဝက်တစ်ပျက်ပျက်စီးခဲ့သော နေ အိမ် (၂၄)လုံး ၊ လုံးဝပျက်စီးခဲ့သော နေအိမ်(၆)လုံး စုစုပေါင်းနေအိမ် ၃၀ လုံး နှင့် ခမောင်းဆိပ်မြို့ ၊ မင်းခမောင်း ရပ်ကွက် အတွင်း လူနေအိမ်(၇)လုံးတစ်ဝက်တစ်ပျက်ပျက်စီးခဲ့သဖြင့် ဘေးအန္တရာယ် ဆိုင် ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မှ နေအိမ်လုံးဝ ပျက်စီးခဲ့သော ရဲအောင်စံရဖွေကျေးရွာအုပ်စု ၊ သုပဏ္ဏက(ဘောင်း) ရွာမှ နေ အိမ်(၆)လုံးအတွက် လူနေအိမ်(၁)လုံးလျှင်  အမျိုး အစား(၁၆)မျိုးပါ Famiiy Kit ပလက် စတစ်ဘူး တစ်ဘူး ၊ ငွေကျပ် ၁ သိန်း အား ထောက်ပံ့ပေးအပ်ခြင်း ၊ မြန်မာ နိုင်ငံ ကြက်ခြေနီတပ်ဖွဲ့မှ နေအိမ်လုံးဝ ပျက်စီးခဲ့သော နေအိမ်(၆)လုံးအတွက် လူနေအိမ်(၁)လုံးလျှင်  အမျိုး အစား (၁၃) မျိုးပါ Famiiy Kit ပလက်စတစ်ဘူး တစ်ဘူး နှင့် တစ်ဝက်တစ်ပျက် ပျက်စီးခဲ့သော နေအိမ်(၃၁)လုံးအတွက် လူနေ အိမ်(၁)လုံးလျှင်  Hygiene Parcel တစ်ကိုယ် ရေသုံးပစ္စည်း အမျိုးအစား(၁၁)မျိုးပါ  တစ်ဘူး ၊ ခြင်ထောင်(၁)လုံး ၊ ရေပုံး (၁)ပုံး တို့အား ကျေးရွာပြည်သူများလက်ဝယ်သို့  အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။  


သတင်း - သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)