ဇလွန်မြို့နယ်တွင် သဘာဝရေပြင်အတွင်း ငါးသားပေါက်ကောင်ရေ ၁ သိန်းခွဲငါးမျိုးစိုက်ထည့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့နယ်တွင် သဘာဝရေပြင်အတွင်း ငါးသားပေါက်ကောင်ရေ ၁ သိန်းခွဲငါးမျိုးစိုက်ထည့်



MNP - မေ   ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် သဘာဝရေပြင်အတွင်းသို့ ငါးသယံဇာတများပေါကြွယ်ဝ၍ ငါးရိက္ခာဖူလုံစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၈ နာရီက ကမ်းနားရပ်ကွက် ကျီးပင်ဆိပ်တွင် ကျင်းပခဲ့သည်။


အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးပိုင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများက နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ(၅၀၀၀၀)၊ ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၅၀၀၀၀)၊ ရွှေဝါ ငါးကြင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀၀)၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၁၅၀၀၀၀)ကို ငါးထုတ်လုပ်မှုမြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။   


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)