Pages

Pages

စလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသုံးဖတ်စာအုပ်များ အခမဲ့ဖြန့်ဝေ





MNP - မေ   ၂၆


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်ပညာရေးမှူးရုံးမှ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် KG၊Grade-1 မှ Grade-11 အထိ ကျောင်းသုံးဖတ်စာအုပ်များကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စလင်းမြို့နယ် အခြေခံပညာအမှတ်(၁) အထက်တန်းကျောင်းတွင်းရှိ သုံးထပ်အဆောင်တွင် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။


စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးညွန်းတန်းစာအုပ်များကို မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများနှင့် တာဝန်ရှိသူများကို ကျောင်းများဖွင့်ချိန်အမှီ ထုတ်ပေးလျက် ရှိပြီး KG၊ Grade-1 မှ Grade-11 အထိ ကျောင်းသား/  ကျောင်းသူ တစ်ဦးလျှင် သင်ရိုး ညွန်းတန်းဖတ်စာအုပ်တစ်စုံစီကို စတင် အခမဲ့ပေးအပ်သွားမည်ဖြစ်ပြီး စလင်းမြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ အထက်တန်းကျောင်းများနှင့် အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်း၊ အလယ်တန်းကျောင်းခွဲ၊ မူလတန်းကျောင်း၊ မူလတန်းကျောင်းခွဲ၊ အခြေခံပညာကျောင်းစုစုပေါင်း (၃၀၈)ကျောင်းရှိ ကျောင်းသား/  ကျောင်းသူများအားလုံးကို ဖတ်စာအုပ်များနှင့် ဗလာစာအုပ်များ အခမဲ့ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment