ဒဂုံမြို့နယ်တွင်အသက်(၁၈)နှစ် နှင့်အထက် ရပ်ကွက်နေပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်တွင်အသက်(၁၈)နှစ် နှင့်အထက် ရပ်ကွက်နေပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ



MNP - မေ  ၂၈


ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် ယမန်နေ့နံနက်  ၁၀ နာရီ အချိန်ထိကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။                                                                 


ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covishield) ထိုးနှံခြင်းအား ဒဂုံမြို့နယ်အတွင်းရှိ ပြည်လမ်းအရှေ့ရပ်ကွက်၊ဘုရားကြီးရပ်ကွက်နှင့် ပြည်လမ်း အနောက် ရပ်ကွက် တို့မှ အသက် (၁၈) နှစ်နှင့် အထက်ရပ်ကွက်နေပြည်သူ ကျား (၃၅) ဦး၊မ(၄၇)ဦး လူဦးရေ စုစုပေါင်း (၈၂) ဦး တို့အားထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၁၁ ဦးနှုန်းဖြင့်(၈၂) ဦးအတွက် ဆေးအလုံးရေ (၈) လုံးအားလည်းကောင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covishield)ထိုးနှံခြင်း လုပ်ငန်းအား ပြည်လမ်းအရှေ့ရပ်ကွက်၊ဘုရားကြီးရပ်ကွက်၊ပြည်လမ်းအနောက်ရပ်ကွက်၊ဦးဝိစာရရပ်ကွက်တို့မှ အသက် (၁၈)နှစ်နှင့် အထက်ရှိသူ ကျား (၃၀)ဦး၊မ (၃၀) ဦးစုစုပေါင်း (၆၀) ဦး လာရောက်ထိုးနှံခဲ့ကြရာ ကာကွယ်ဆေးတစ်လုံးလျှင် ၁၁ ဦးနှုန်းဖြင့် ၆၀ ဦးအတွက် ဆေးအလုံးရေ ၅ လုံးအားလည်းကောင်း၊  (COVISHIELD) အမျိုးအစား  ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose ) ထိုးနှံခြင်းအား ဘုရားကြီးရပ် ကွက်၊ ဦးဝိစာရရပ်ကွက်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ ယောမင်းကြီး ရပ်ကွက်နှင့် ပြည်လမ်းအရှေ့ ရပ်ကွက် တို့မှ အသက် (၁၈)နှစ်နှင့်အထက်ရှိသူ ကျား ၁၅၀ ဦး၊ မ ၂၅၀ ဦး၊ စုစုပေါင်း ၄၀၀ ဦး လာရောက် ထိုးနှံခဲ့ပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၁၁ ဦး နှုန်းဖြင့် ၄၀၀ ဦးအတွက် ဆေးအလုံး ရေ ၃၇ လုံးအားလည်း ကောင်း၊ စုစုပေါင်း (ကျား ၂၁၅ +မ ၃၂၇ = ၅၄၂ ဦး) လာရောက်ထိုးနှံခဲ့ကြကြောင်းသိရပါသည်။


ကိုဗစ်- ၁၉ရောဂါကာကွယ် ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။ကာကွယ်ဆေးထိုးနှံပေးရာနေရာ တွင်မလိုလားအပ်သောပြဿနာတစ်စုံ တစ်ရာမရှိ စေရေး အတွက် ဒဂုံမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ကျန်းမာရေးဝန်ထမ်းများ ၊မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန် ထမ်းများ၊ စေတနာ ရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


သတင်း - မေသန္တာ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)