မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ







MNP ၊ မေ ၂၈

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ‘ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့’’ ဆောင်ပုဒ်နှင့်အညီ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့က ရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာကျော်ခန်းမတွင် ကျင်းပကြသည်။


အဆိုပါအခမ်းအနားသို့ ရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များကျောင်း အုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြသည်။


အခမ်းအနားကို ရှေ့ဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသများက မြန်မာ့ကျောင်းသားသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ဝိုင်းစိန်က ရမ်းဗြဲမြို့နယ်၏ ပညာရေးအခြေအနေများနှင့်ပတ်သက်၍အကျယ်တဝင့်ရှင်းပြောကြားသည်။ 

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ကျောင်းသား/ကျောင်းသူများကို ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ခဲတံနှင့်ဘောပင်တို့ကို အခမဲ့ဖြန့်ဝေပေးကြရာ အခမ်းအနားကိုအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းကိုသီဆို၍ အခမ်းအနားကို ရုတ်သိမ်းပေးခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)