ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လုပ်ငန်းများ စတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လုပ်ငန်းများ စတင်ဆောင်ရွက်









MNP ၊ မေ ၂၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်လုပ်ငန်းများဆောင်ရွက်မှုကို ယနေ့၊ နံနက်(၁၁)နာရီအချိန်က စတင် ကာ ကျောင်းအပ်လက်ခံမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

“ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး ကျောင်းထွက်သူပပျောက်ရေး ပြည်သူအားလုံးပါဝင်ပေး” ဆောင်ပုဒ်များ နှင့်အညီ အခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ တစ်နိုင်ငံလုံးတစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထွေးရီက ကျောင်းအပ်နှံရာတွင် တစ်စုံတစ် ရာ အခကြေးငွေကောက်ခံမှုမရှိပါကြောင်း၊ နိုင်ငံတော်မှ ကျောင်းသား/သူ များအတွက် ဗလာစာအုပ်၊ ကျောင်းသုံးပုံနှိပ်စာအုပ်တို့ကို အခမဲ့ထောက်ပံ့ပေးပါကြောင်း၊ ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးသည့် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း၊ ကျောင်းလာ ရောက်အပ်နှံရာတွင်လည်း ကျန်းမားရေးဌာန၏ လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ထားရှိပါကြောင်း” ပြောကြားခဲ့သည်။

Grade-7 တက်ရောက်မည့်ကျောင်းသူ မဆုလဒ်သဇင်ကလည်း “ကျောင်းတွေပြန်ဖွင့်မယ်ဆိုတော့ သူငယ်ချင်းတွေနဲ့ပြန်တွေ့ရမှာမို့ သမီးတို့အရမ်းပျော်ပါတယ်၊  ကျောင်းစာတွေကိုကြိုးစားသင်ယူရင်း နိုင်ငံ အတွက် အကျိုးပြုမယ့်သမီးကောင်းတစ်ဦးဖြစ်အောင်ကြိုးစားသွားပါမယ်၊ ခုလိုကျောင်းဖွင့်ပြီး စာသင်ကြား ပေးမယ့်ဆရာ၊ ဆရာမတွေနဲ့ နိုင်ငံတော်အကြီးအကဲတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်” ဟု ပြော သည်။

ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၄၆ ကျောင်း၊ ဘုန်းတော်ကြီးပညာသင် ကျောင်း ၅ ကျောင်းနှင့် အလယ်တန်းလေ့ကျင့်ရေးကျောင်းတစ်ကျောင်း စုစုပေါင်း ၂၅၂ ကျောင်းရှိကာ အခြခံပညာကျောင်းများကို ဇွန်လ(၂)ရက်နေ့တွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


သတင်း - ဖြိုးဝေလင်း၊ တင်ထွန်းဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)