Pages

Pages

ပေါင်းတည်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တာဝန်ကျေပြန်ဆပ်သည့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေး

 


MNP - မေ   ၂၆


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တာဝန်ကျေပြန်ဆပ်သည့် တောင်သူများသို့ နှစ်စဉ်စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းအချိန်က မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တာဝန်ကျေ ပြန်ဆပ်ပြီးသည့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည်ပေးဆပ်ရန် တာဝန်ကျေသည့် တောင်သူများအား စိုက်ပျိုးချိန်အမီ မေ ၁၆ ရက်နေ့မှ စတင် ထုတ်ချေးပေးလျက်ရှိရာ ယင်းနေ့၌ အုတ်ဖို၁ရပ်ကွက်မှ စိုက်ပျိုးဧက (၇၅) ဧက တောင်သူ (၁၃) ဦးတို့အား စတင်ထုတ်ပေးခဲ့ပြီးနောက် ယမန်နေ့ထိ ဘွဲ့ပင်ကန်ရပ်ကွက်၊ ဘုရားငါးဆူ ကျေးရွာအုပ်စု၊ ဗျက်ကြီးကျေးရွာအုပ်စု၊ ကန်ငယ်အုပ်စု၊ မကျီးပင်အုပ်စုတို့ရှိ တောင်သူ ၁၈၂ ဦး၊ စိုက်ဧက ၁၂၅၂ ဧက အတွက် ငွေကျပ် သိန်း ၁၈၇၈ သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


မြို့နယ်အတွင်း မိုးစပါးလျာထားစိုက် ဧက ၄၀၀၀၀ အတွက် ငွေကျပ်သိန်း ၆၀၀၀၀ လျာထားပြီးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးခြင်း ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမန်နေဂျာထံမှ သိရသည်။


သတင်း - အေးအေးဆင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment