တာဝန်အရ စစ်ဆေးမှုများဆောင်ရွက်စဉ် ကြည်ဖြူစွာ စစ်ဆေးမှုမခံယူဘဲ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ခြောက်လှန့် ပစ်ခတ်ခဲ့ရာမှ အမျိုးသားတစ်ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာဝန်အရ စစ်ဆေးမှုများဆောင်ရွက်စဉ် ကြည်ဖြူစွာ စစ်ဆေးမှုမခံယူဘဲ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ခြောက်လှန့် ပစ်ခတ်ခဲ့ရာမှ အမျိုးသားတစ်ဦး သေဆုံး



MNP ၊ မေ  ၂၃

အများပြည်သူလုံခြုံရေးအတွက် တာဝန်အရ စစ်ဆေးမှုများဆောင်ရွက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုကိုမခံယူဘဲ မော်တော်ယာဉ်အား မောင်းနှင်ထွက်ပြေး သဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာမှ အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ သွားရောက်ကုသမှုခံယူခဲ့သော်လည်း သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ မေ ၂၀ ရက်တွင် Toyota Ratics အမျိုးအစား အဖြူရောင် မော်တော်ယာဉ်အမှတ်၊ MDY-1C /---- သည် မန္တလေးမြို့ဘက်မှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာပြီး မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအနီး စစ်ဆေးရေးဂိတ်အနီးသို့ နေ့လယ် ၂ နာရီခန့်တွင် ရောက်ရှိစဉ် အဆိုပါဂိတ်၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင် များက အများပြည်သူလုံခြုံရေးအတွက် စစ်ဆေးရန် (၂)ကြိမ်တားဆီးခဲ့ရာ ရပ်တန့်ပေးခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သော်လည်း  မော်တော်ယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် မောင်းနှင်ထွက်ပြေးသွားခဲ့သည်။


ဆက်စပ်သတင်းများအရ မေ ၂၀ ရက် ညနေ ၃ နာရီခွဲခန့်တွင် ချောင်းဦးမြို့ ပြည်သူ့ဆေးရုံတွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာဖြင့် လူနာတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒဏ်ရာရရှိသူမှာ ကျော်ညီဇင်(တတိယနှစ်၊ မန္တလေးဆေး တက္ကသိုလ်)ဖြစ်ကြောင်းနှင့် မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာ စစ်ဆေးရေးဂိတ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသည့် Toyota Ratics အမျိုးအစား အဖြူရောင် မော်တော်ယာဉ်အမှတ်၊ MDY-1C /---- ယာဉ်ပေါ်တွင် လိုက်ပါ လာသူတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ 

ဒဏ်ရာရအမျိုးသားမှာ စိုးရိမ်ရသဖြင့် မုံရွာ မြို့သို့ ပို့ဆောင်ဆေးဝါး ကုသနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ပြီး ညနေ ၅ နာရီခန့်တွင် မုံရွာမြို့ပြည်သူ့ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း၊ သေဆုံးမှုနှင့်ပတ်သက်၍ မုံရွာမြို့မရဲစခန်း၌ ဥပဒေနှင့်အညီ သေမှု သေခင်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)