Pages

Pages

၂၀၂၂ ခုနှစ် မိုးရာသီအကြို(ဒုတိယအကြိမ်)သစ်ပင်စိုက်ပွဲတော်ကျင်းပ


MNP - မေ  ၂၇


ကရင်ပြည်နယ်၊ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို ပြည်နယ်အဆင့်သစ်ပင်စိုက်ပွဲတော် (ဒုတိယအကြိမ်)ကို ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာ (Smart Village) ဘေးမဲ့ကုန်းထင်းစိုက်ခင်း(၂)ဧက၌ ကျင်းပသည်။


သစ်ပင်စိုက်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ကျင်းပသည့်သစ်ပင်စိုက်ပွဲသည် ပြည်နယ်အဆင့်ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး မြို့နယ်အဆင့်သစ်ပင်စိုက်ပွဲများကိုလည်း မြို့နယ်အလိုက်ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်မိုးရာသီတွင် ပြည်နယ်အတွင်း သစ်ပင်ပေါင်းလေးသိန်းနီးပါးစိုက်ပျိုးသွားမည်ဖြစ်ပြီး ရှင်သန်ကြီးထွားအောင် ပြုစုထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း သစ်တောဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနတို့မှ လမ်းဘေးဝဲယာများတွင် သစ်ပင်များစိုက်ပျိုးသွားမည်ဖြစ်ပြီး သစ်တောဦးစီးဌာနမှပျိုးပင်များအခမဲ့ထုတ်ပေးလျက်ရှိရာ ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့ရုံးအဆောက်အဦနှင့် ပတ်ဝန်းကျင်တို့တွင်လေကာပင်များစိုက်ပျိုးရန် စိုက်ပျိုးပြီးသစ်ပင်များကိုရှင်သန်အောင် ပြုစုထိန်းသိမ်းပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက မန်ဂျန်ရှားပျိုးပင်များကို ၉ပေ x ၉ပေ ပန္နက်အကွာအဝေးဖြင့် မြေဧရိယာ(၂)ဧကတွင် အပင်ပေါင်း ၁၀၈၄ ပင်ကိုစိုက်ပျိုးပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သစ်ပင်စိုက်ပျိုးခြင်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment