ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၏ နိုင် ( ၄ ) စာရင်းရေးသွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၏ နိုင် ( ၄ ) စာရင်းရေးသွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်



MNP - မေ  ၂၈


ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၏ နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း ၊ မှတ်ပုံတင်နိုင် ( ၄ ) များအား Excel Format ဖြင့် ရိုက်သွင်းခြင်းနှင့် Software အတွင်း ထည့်သွင်းခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၇ ရက် မွန်းလွဲပိုင်းက ဟားခါးမြို့ ၊ ပြည်နယ်အစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း ၊ မှတ်ပုံတင်စာအုပ် နိုင်(၄)ရှိ စာရင်းမှတ်တမ်းအချက်အလက်များကို နည်းပညာ စက်ကိရိယာ များအသုံးပြု၍ ကွန်ပျူတာအတွင်း ထည့်သွင်းဆောင်ရွက်ခြင်းကို ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများက အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၊ လိုအပ်ချက်များရှိပါက တင်ပြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။


ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က ရက်အလိုက်နှင့် အပတ်စဉ် ကွန်ပျူတာစာရင်းရိုက်သွင်းပြီးစီးမှုကို သုံးသပ်ရာတွင် သတ်မှတ်ကာလ မတိုင်မီ ဆောင်ရွက်ပြီးစီးနိုင်မည် ဖြစ်ကြောင်း ၊ တပ်ရင်းတပ်ဖွဲ့များ ၊ ဌာနဆိုင်ရာများက စေတနာပါပါဖြင့် ညီညီညွှတ်ညွှတ် ပူးပေါင်းဆောင်ရွက်မှုကြောင့် ဆောင်ရွက်ပြီးစီးရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည့်အတွက် အချိန်မီပြီးစီးနိုင်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် နိုင်(၄) မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် အချက်အလက်များအား Excel Format အတွင်း ထည့်သွင်းခြင်းနှင့် Software အတွင်း ထည့်သွင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ၂၆−၅−၂၀၂၂ ရက်နေ့အထိ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက် ရန်ကျန်အခြေအနေနှင့် ဇွန်လ (၃၀)ရက်မတိုင်မီ ပြီးစီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်ချက် များကို ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။


ချင်းပြည်နယ်၏ နိုင်(၄) မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် အချက်အလက်များ ကွန်ပျူတာအတွင်း ထည့်သွင်း ဆောင်ရွက်ရန် စုစုပေါင်းလူဦးရေ ( ၅၅၈၁၅၅ ) ဦးအနက် မေလ ၂၆ ရက်နေ့အထိ ဆောင်ရွက်ပြီး ( ၃၆၀၇၂၈ ) ဦး ၊ ၆၄ ဒသမ ၆၃ ရာခိုင်နှုန်းနှင့် ဆောင်ရွက်ရန်ကျန် ( ၁၉၇၄၂၇ ) ဦး ၊ ၃၅ ဒသမ ၃၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)